Tuesday, March 24, 2009

Basic HTML tutorial

Blogger တစ်ယောက်အနေနဲ့ internet café လို connection ကောင်းတဲ့နေရာကနေ blog ရေးတဲ့အခါမျိုးမှာ အဆင်ပြေပေမယ့် connection နှေးတဲ့ access kit သုံးသူတွေ၊ dial up သုံးတဲ့နေရာကနေ blog တင်မယ်ဆိုရင်တော့ ကသိကအောင့် နိုင်တာလေးတွေ ရှိတတ်ပါတယ်။ website တွေကို တိုက်ရိုက်ဝင်လို့မရရင် proxy တွေကနေတဆင့် ၀င်ရပါတယ်။ proxy ကနေတဆင့်ဝင်ရင် blog ကို edit လုပ်တဲ့ button တွေ မပေါ်တတ်ပါဘူး။ blogger မှာကော wordpress မှာပါ ဖြစ်တတ်ပါတယ်။ html ကျွမ်းကျင်တဲ့ လူတွေအ
တွက်တော့ ဘာမှ မဖြစ်ပေမယ့် ကျွန်တော်တို့လို computer လောကသား မဟုတ်တဲ့ blogger တွေအတွက်ကတော့ အခက်အခဲ ရှိလှပါတယ်။ basic html ကို ရှင်းရှင်းလင်းလင်းပြသထားတဲ့ website တစ်ခုကို တွေ့မိလို့ share လိုက်ရပါတယ်။ လိပ်စာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
www.scriptingmaster.com

View this post on my blog: http://ziwakka.iblogger.org/basic-html-tutorial/

================================================================
Special offer: Free Domain & cPanel Hosting for only $2.99 at https://SecureSignup.net !
================================================================

Spam Filtered (ID:3166362)

Post2Mail

ကျွန်တော့်ရဲ့ blog တွေကို blogger ရော wordpress မှာပါ တပြိုင်တည်း post လုပ်ဖို့ကြိုးစားနေတာ အခုတော့ အောင်မြင်သွားပါပြီ။ တတ်သိနားလည်သူတွေအတွက်တော့ မခက်ပေမယ့် ကျွန်တော်လို networking and internet knowledge တွေကို ဘာမှ သေသေချာချာ မသိတဲ့လူတစ်ယောက် အတွက်ကတော့ မပြောပြနိုင်လောက်အောင် ၀မ်းသာမိပါတယ်ခင်ဗျာ။ ကျွန်တော့်ရဲ့ blogger account ကို delete လုပ်လိုက်တော့မလိုရှိတုန်း iblogger မှာ wordpress plugin တစ်ခုဖြစ်တဲ့ post2mail ကို Install
လုပ်လိုက်တော့မှပဲ အဆင်ပြေသွားတော့တယ်။ iblogger မှာ post လုပ်လိုက်ရင် blogger မှာကော multiply မှာပါ တခါတည်း post လုပ်ပြီးသားဖြစ်တာပေါ့။ မမိုက်ဘူးလား။ အဲဒီ plugin ကိုတော့ အောက်ပါ link မှာ ရယူနိုင်ပါတယ်ခင်ဗျာ။
ကျွန်တော့်ရဲ့ blog ကို အောက်ပါလိပ်စာတွေမှာ ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ။

ziwakka.blogger.com
ziwakka.iblogger.org
ziwakka.co.cc

Iblogger နဲ့ co.cc က တိုက်ရိုက်ဝင်လို့ရပေမယ့် blogger ကတော့ ကျော်ရခွရမယ်ပေါ့ဗျာ။ သိတယ် မှုတ်လား။ see u!

View this post on my blog: http://ziwakka.iblogger.org/post2mail/

================================================================
Special offer: Free Domain & cPanel Hosting for only $2.99 at https://SecureSignup.net !
================================================================

Spam Filtered (ID:3166362)

Post2Mail

ကျွန်တော့်ရဲ့ blog တွေကို blogger ရော wordpress မှာပါ တပြိုင်တည်း post လုပ်ဖို့ကြိုးစားနေတာ အခုတော့ အောင်မြင်သွားပါပြီ။ တတ်သိနားလည်သူတွေအတွက်တော့ မခက်ပေမယ့် ကျွန်တော်လို networking and internet knowledge တွေကို ဘာမှ သေသေချာချာ မသိတဲ့လူတစ်ယောက် အတွက်ကတော့ မပြောပြနိုင်လောက်အောင် ၀မ်းသာမိပါတယ်ခင်ဗျာ။ ကျွန်တော့်ရဲ့ blogger account ကို delete လုပ်လိုက်တော့မလိုရှိတုန်း iblogger မှာ wordpress plugin တစ်ခုဖြစ်တဲ့ post2mail ကို Install
လုပ်လိုက်တော့မှပဲ အဆင်ပြေသွားတော့တယ်။ iblogger မှာ post လုပ်လိုက်ရင် blogger မှာကော multiply မှာပါ တခါတည်း post လုပ်ပြီးသားဖြစ်တာပေါ့။ မမိုက်ဘူးလား။ အဲဒီ plugin ကိုတော့ အောက်ပါ ziwakka.blogger.com
ziwakka.co.cc

Iblogger နဲ့ co.cc က တိုက်ရိုက်ဝင်လို့ရပေမယ့် blogger ကတော့ ကျော်ရခွရမယ်ပေါ့ဗျာ။ သိတယ် မှုတ်လား။ see u!

View this post on my blog: http://ziwakka.iblogger.org/post2mail/

================================================================
Special offer: Free Domain & cPanel Hosting for only $2.99 at https://SecureSignup.net !
================================================================

Spam Filtered (ID:3166362)

Basic HTML tutorial

Blogger တစ်ယောက်အနေနဲ့ internet café လို connection ကောင်းတဲ့နေရာကနေ blog ရေးတဲ့အခါမျိုးမှာ အဆင်ပြေပေမယ့် connection နှေးတဲ့ access kit သုံးသူတွေ၊ dial up သုံးတဲ့နေရာကနေ blog တင်မယ်ဆိုရင်တော့ ကသိကအောင့် နိုင်တာလေးတွေ ရှိတတ်ပါတယ်။ website တွေကို တိုက်ရိုက်ဝင်လို့မရရင် proxy တွေကနေတဆင့် ၀င်ရပါတယ်။ proxy ကနေတဆင့်ဝင်ရင် blog ကို edit လုပ်တဲ့ button တွေ မပေါ်တတ်ပါဘူး။ blogger မှာကော wordpress မှာပါ ဖြစ်တတ်ပါတယ်။ html ကျွမ်းကျင်တဲ့ လူတွေအ
တွက်တော့ ဘာမှ မဖြစ်ပေမယ့် ကျွန်တော်တို့လို computer လောကသား မဟုတ်တဲ့ blogger တွေအတွက်ကတော့ အခက်အခဲ ရှိလှပါတယ်။ basic html ကို ရှင်းရှင်းလင်းလင်းပြသထားတဲ့ website တစ်ခုကို တွေ့မိလို့ share လိုက်ရပါတယ်။ လိပ်စာကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

www.scriptingmaster.com

View this post on my blog: http://ziwakka.iblogger.org/basic-html-tutorial/

================================================================
Special offer: Free Domain & cPanel Hosting for only $2.99 at https://SecureSignup.net !
================================================================

Spam Filtered (ID:3166362)

Monday, March 23, 2009

ငါအိုသွားသောအခါ

ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါကို နားလည်ပေးပါ၊ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချည့်နဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အကျီ ပေါ် ဖိတ်စင်သွားတဲ့အခါ၊ အကျီလုံချည် ဖိုသီဖတ်သီ ဖြစ်နေတဲ့အခါ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောခဲ့ဖူးခဲ့သော စကားတွေ ပြန်ပြောမိတဲ့အခါ စကားမဖြစ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ယာဝင်တိုင်း တစ်ထောင့် တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေ၊ ဇာတ်တော်ကြီးဆယ်ဘွဲ့တွေ စတဲ့ပုံပြင်တွေကို မရိုးအောင်ပြောရင်း ငါချော့သိပ်ခဲ့တာတွေကို သတိရပေးပါ။

မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူအညီတောင်းတဲ့အခါ ငါ့ကို မငြိငြင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တလှည့် ချောက်တလှည့် ရေချိုးပေးခဲ့ဘူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခောတ်သစ်နည်းပညာသစ် မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက ဘာကြောင့် ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်းကိုယ်မပါ၊ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ငါ့ကိုကူတွဲပေးကြပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။

တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ၊ အာပေးပါ၊ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်အတွက် အဖော်ပြုပေးပါ။ ချစ်ချင်းမေတ္တာနဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာမဆုံးတဲ့ ငါ့မေတ္တာတွေကို တွေ့ရမှာပါ။

View this post on my blog: http://ziwakka.iblogger.org/%e1%80%84%e1%80%ab%e1%80%a1%e1%80%ad%e1%80%af%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac%e1%80%a1%e1%80%81%e1%80%ab/

================================================================
Special offer: Free Domain & cPanel Hosting for only $2.99 at https://SecureSignup.net !
================================================================

Spam Filtered (ID:3166362)

Burmese subtitle

မြန်မာစာတန်းထိုးထားသော English dvd movies များဈေးကွက် အတွင်းဝင်ရောက်လာသည်မှာ ၁ နှစ်လောက်ရှိပြီ ဖြစ်သည်။ အစပိုင်းထွက်သော ရုပ်ရှင် DVD များတွင် ထိုးထားသော စာတန်းများသည် စကားပြောနှင့် ကိုက်သော်လည်း နောက်ပိုင်းကားများသည် စကားပြောက တစ်ခြား စာတန်းက တစ်ခြား ဖြစ်နေတတ်ပါသည်။ တကယ်တော့ English ကားကြည့်တယ်ဆိုတာ English စာတန်းထိုးခြင်းသည်သာ အကောင်းဆုံးဖြစ်ပါသည်။ မြန်မာစာတန်းထိ�
�း အခွေများ ကြည့်ပါက language gap များ ဖြစ်ပေါ်ပြီး English စာ အရည်အသွေးလည်း ကျဆင်းစေပါသည်။ English ရုပ်ရှင်များတွင် မြန်မာစာတန်းထိုးပြီး မကြည့်သင့်သော အကြောင်းပြချက်များကို စုစည်း၍ ဖော်ပြလိုက်ရပါသည်။
ဘာသာပြန်သောသူသည် ဗဟုသုတနည်းပါး၍ သော်လည်းကောင်း၊ English အားနည်း၍ သော်လည်းကောင်း စကားလုံးများကို တလွှဲဘာသာပြန်သောအခါ ဇာတ်လမ်း၏ အဓိပ္ပါယ်သည် တစ်ခြားစီ ဖြစ်သွားတတ်ပါသည်။
e.g. 5 movies ကပြသော starwars ရုပ်ရှင်တွင် မင်းသားက "may the force be with you" လို့ပြောလိုက်တာကို ဘာသာပြန်သူက တပ်ဖွဲ့နှင့်အတူ သင်ရှိပါစေဟု ဘာသာပြန်လေသည်။ အမှန်ဖြစ်သင့်တာက စွမ်းအားနှင့်အတူ ရှိပါစေ ဟု ဘာသာပြန်ရမည်ဖြစ်သည်။ တကယ်တော့ ထိုဘာသာပြန်သောသူသည် starwars ရုပ်ရှင်ကို တစ်ခါမှပင် ကြည့်ဖူးမည့်ပုံ မပေါက်ပါ။
English လိုပြောတာကို နားထောင်ပြီး English subtitle ကို အစမှအဆုံးထိ မှီအောင် လိုက်ဖတ်ပါက သင်၏ listening skill ကော fast reading skill ပါ တစ်ပြိုင်တည်း တိုးတက်လာမည်ဖြစ်သည်။ ကိုယ်မသိသေးသော words များ vocabulary များ တိုးတက်လာမည်ဖြစ်ပြီး dictionary တွင်ရှာဖွေပါက dictionary ဖတ်လေ့ရှိသော အလေ့အကျင်တစ်ခုပါ ပိုလာမည်ဖြစ်သည်။ ကိုယ်မကြားဘူးသေးသော idioms များ dialogues များ ကြားဖူးမြင်ဖူးလာမည်ဖြစ်သည်။ ထိုမှတဆင့် တိုးတက်လာပါက English ကာ
းများကို subtitle မပါဘဲ လုံးစေ့ပတ်စေ့နားလည်အောင် ကြည့်တတ်လာမည် ဖြစ်သည်။
တစ်ချို့ စကားလုံးများသည် English language တွင်သာရှိပြီး မြန်မာစာတွင် မရှိပါ။ မြန်မာ လို subtitle ကိုသာသုံး၍ ကြည့်နေပါက ထို စကားလုံးများကို နားလည်လိမ့်မည် မဟုတ်ပါ။
5 movies နှင့် ပြင်ပ DVD များတွင် မြန်မာစာ စာတန်းထိုးသူများသည် မထင်ရလောက်အောင် English စာ ညံ့သူများဖြစ်ကြပါသည်။ ထိုသူတို့သည် တစ်ခါတစ်ရံတွင် စကားလုံးများကို မှားယွင်းစွာ ဘာသာပြန်တတ်ကြသည်။ ထိုသူတို့ တလွဲဘာသာပြန်ထားသော စကားလုံးများနှင့် English စကားလုံးများကို တွဲပြီး မှတ်လိုက်ပါက အဓိပ္ပါယ်အမှားကြီးကို မှတ်မိနေသလို ဖြစ်နေပါလိမ့်မည်။
အချုပ်ဆိုရသော် ယနေ့ခေတ်သည် ကမ္ဘာနှင့် ရင်ဘောင်တန်းရမည့်ခေတ် ဖြစ်သည်။ ထိုသို့ ရင်ဘောင်တန်းနိုင်ဖို့ English စာ တတ်မြောက်မှ ဖြစ်မည်။ မြန်မာ subtitle ပါတဲ့ရုပ်ရှင်လေးတွေကြည့်၊ မြန်မာဝတ္ထုလေးတွေဖတ်၊ မြန်မာသီချင်းလေးတွေ နားထောင်နေပြီး english စာ speaking, grammar သင်တန်းလေးတွေ လိုက်တက်နေရုံဖြင့် ဘာမှတိုးတက်လာမည် မဟုတ်ပါ။ ထို့ကြောင့် အပန်းလည်းပြေပြီး ပညာလည်းတတ်ချင်ရင်တော့ English
ကားကြည့်လျှင် မှန်ကန်သော English subtitle ပါသည့် ရုပ်ရှင်ကားများကို English subtitle ဖြင့် ကြည့်စေချင်ပါသည်။

View this post on my blog: http://ziwakka.iblogger.org/burmese-subtitle/

================================================================
Special offer: Free Domain & cPanel Hosting for only $2.99 at https://SecureSignup.net !
================================================================

Spam Filtered (ID:3166362)

သားအိမ်ခေါင်းကင်ဆာ

အာရှအမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာဟာ သေဆုံးမှုနှုန်း ဒုတိယအများဆုံး ကင်ဆာဖြစ်ပါတယ်…
ဒီအချက်ကို သတိပြုမိမှု တော်တော်နည်းနေသေးတာဟာ အမှန်တကယ် တုန်လှုပ်စရာ ကောင်းလှပါတယ်
အမျိုးသမီးများရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက် ရန်ရှာ ရုံတင်မကဘဲ၊ မသေဘဲ ဝေဒနာ ခံစားနေရသူများမှာလည်း ကိုယ်ရောစိတ်ပါ ထိခိုက်ခံစားရပါတယ်။
ဝေဒနာခံစားနေရသူတွေရဲ့ မိသားစု၊ လုပ်ငန်းခွင် လူနေမှုဘ၀၀န်းကျင် ကိုပါ အကြီးအကျယ် ပြောင်းလဲထိခိုက်နိုင်ပါတယ်။
အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး အမျိုးသမီးတိုင်း ဖြစ်ပွားနိုင်ပါတယ်။
သင်ရောဂါဝေဒနာ ခံစားရလျှင် သင်သာမက သင့်မိသားစု၊ သင့်ဝန်းကျင်၊ သင့်ကိုချစ်သော သူများအားလုံး သင့်နဲ့ ထပ်တူ ခံစားရမယ်၊ ကြေကွဲရမယ် ဖြစ်ပါတယ်။

Human Papilloma Virus(HPV) ပိုးကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ရတယ်။

HPV အမျိုးပေါင်း ၁၀၀ ကျော်အနက်က အချို့သာလျှင် ကင်ဆာဖြစ်စေပါတယ်။ HPV 16 နှင် 18 တို့ကြောင့် သားအိမ်ခေါင်းကင်ဆာ ကို ၇၀ % ဖြစ်စေပါတယ်။
လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးငါးယောက်မှာ လေးယောက်ဟာ ကူးစက်ခံရနိုင်ပါတယ်။
ပုံမှန်အားဖြင့် လူတစ်ယောက်ရဲ့ ခန်ဓာကိုယ်ဟာ virus ပိုးဝင်လာရင် ပြန်လည်တိုက်ထုတ်ဖို့ ကိုယ်ခံစွမ်းအား တည်ဆောက်လေ့ရှိပါတယ်။
ဒါပေမယ့် HPV ကိုတော့ မတိုက်ထုတ်နိုင်ပါဘူး။
အမျိုးအစားတွေကများလွန်းတော့ body က မမှတ်မိတော့ဘဲ အချို့ကို ကာကွယ်နိုင်ပေမယ့် နောက်ထပ် တစ်မျိုးဝင်လာရင် အခက်တွေ့ရပြန်တယ်။

အမျိုးသမီးတိုင်းဟာ HPV ပိုးကူးစက်ခံရဖို့ အန္တရာယ် ရှိနေတယ်
HPV ပိုးဟာ လိင်ဆက်ဆံခြင်း (သို့) လိုင်အင်ဂါအရေပြားခြင်း ထိတွေ့ခြင်းကြောင့်အဓိက ကူးစက်ရခြင်းဖြစ်ပါတယ်။
အမျိုးသမီးများဟာ ပထမအကြိမ် လိင်ဆက်ဆံခြင်းကစလို့ ဘ၀တစ်လျှောက်လုံး အကြိမ်ကြိမ် ကူစက်ခံရနိုင်ပါတယ်။
ဒါကြောင့် အမျိုးသမီးတိုင်းဟာ သားအိမ်ခေါင်းကင်ဆာအကြောင်း သိထားသင့်ပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ ကိုဘယ်လိုကာကွယ်ကြမလဲ

လက်ရှိအချိန်အထိ အကောင်းဆုံး ကာကွယ်နည်းကတော့ ပုံမှန် စမ်းသပ်စစ်ဆေးပြီး စောစီးစွာ ကုသမှု ခံယူရန် ဖြစ်ပါတယ်။
ပုံမှန်စစ်ဆေးခြင်းကြောင့် ရောဂါဖြစ်ပွားမှုနှုန်း သိသိသာသာ လျော့ကျသွားကြောင်း တွေ့ရှိရပါတယ်။
ပုံမှန်အခြေအနေမှ မည့်သည့်ပြောင်းလဲမှုမျိုးကိုမဆို စောစီးစွာ သတိပြုမိပြီး ထိရောက်စွာ ကုသနိုင်ပါတယ်။
ဒါကြောင့် သင်၏ ဆရာဝန်နှင့် ပုံမှန်စမ်းသပ်စစ်ဆေးမှုခံယူပြီး စောစီးစွာ ကုသမှု ခံယူသင့်ပါတယ်။
HPV ကိုနိုင်သော ကာကွယ်ဆေး မြန်မာနိုင်ငံတွင် ၀ယ်နိုင်ပြီဖြစ်သည်။ ထိုကာကွယ်ဆေးကို အပျိုပေါ် မ၀င်မှီ တစ်ခါမှ လိင်မဆက်ဆံဘူးသေးသော အမျိုးသမီးများ ထိုးသင့်ပါသည်။

View this post on my blog: http://ziwakka.iblogger.org/cervical-cancer/